ads2

Monday, July 25, 2016

Filled Under:

Android user များအရေးကြုံသုံးရန် Factory data reset



Android ဖုန်းတွေမှာပါဝင်တဲ့ Factory data reset ကိုတော့ user တွေအနေနဲ့

သိတဲ့သူရှားပါတယ်။ user တွေအနေနဲ့ Reset ချမယ်ဆို Setting ထဲက Backup & Reset ကနေ

ဝင်ပြီးချကြတာပါပဲ။ ဒါပေမဲ့ Pattern / Pin Lock စတာတွေကျနေရင်တော့ အဲဒီအခြေအနေကို

မသုံးနိုင်တော့ပါဘူး။ Pattern / Pin Lock များဖြည်ရန် အမျိုးမျိုးသောနည်းလမ်းများ ရှိပေမဲ့လည်း

Factory data Reset ချပြီးဖြေရှင်းတဲ့နည်းလမ်းကို အရေးကြုံရင်သုံးနိုင်ပါတယ်။ ဒါပေမဲ့ဒီနည်းလမ်းဟာ

ဖုန်းထဲမှာမှတ်ထားတဲ့ data တွေကိုအကုန်ပျက်စေပါတယ်။ ဒီနည်းနဲ့ စက်တွေလေးလံပြီးလုံးဝ

အလုပ်မလုပ်နိုင်တော့ရင်လဲ ဒီနည်းလမ်းလေးကိုသုံးပြီး ဖြေရှင်းနိုင်ပါတယ်။ ပြုလုပ်ရမဲ့နည်းလေးကတော့…….


ဖုန်းကိုပါဝါပိတ်လိုက်ပါ။ ပြီးရင် Battery ကိုဖြုတ်ပြီး 15 sec လောက်ထားလိုက်ပါ။ Battery ပြန်တက်ပါ။

ဖုန်းအမျိုးအစားလိုက် နှိပ်ရမဲ့ Key ကကွဲပါတယ်။ Samsung နဲ့ပြောပေးပါမယ်။ Volume up + Home +

Power ကိုတွဲပြီးနှိပ်ပါ။ Recovery mode ထဲကိုရောက်သွားပါမယ်။ စာကြောင်းလေးတွေပေါ်လာပါမယ်။

wipe cache partition ကိုအရင်နှိပ်ပေးလိုက်ပါ။ ဖုန်းကနေအလုပ်လုပ်တာခဏစောင့်လိုက်ပါ။

ပြီးရင် wipe data/factory reset ကိုရွေးပေးလိုက်ပါ။ Yes — delete all user data ကိုနှိပ်ပေးလိုက်ပါ။

ဖုန်းကနေဆက်အလုပ်လုပ်ပေးသွားပါမယ်။ အားလုံးပြီးရင်တော့ Reboot system now ကိုနှိပ်ပြီးဖုန်းကို

Reboot ချပေးလိုက်ပါ။ power ပြန်တက်လာရင် Pattern / Pin Lock တွေရှိနေပါက ပျက်သွားပြီး

ဖုန်းအသစ်တစ်လုံးအတိုင်း ဖြစ်သွားတာကို မြင်တွေ့ရပါပြီ။


Huawei နဲ့အခြားဖုန်းတွေမှာဆိုရင်တော့ အများဆုံး Volume up + Power ကိုနှိပ်ပြီး

Recovery mode ၀င်ပါ။


ဒီနည်းလမ်းလေးကို အရေးကြုံရင် user တွေအတွက် အသုံးပြုနိုင်ရန်တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။

အခြားရည်ရွယ်ချက်မပါပါ။

0 comments:

Post a Comment