ads2

Monday, July 25, 2016

Filled Under:

Facebook Messenger ထဲမှာ Favourite နှင့် Active Now ကဏ္ဍများကို ဘယ်လို Hide လုပ်ထားကြမလဲ

  
ဖေ့စ်ဘွတ်ခ်မှာ ကိုယ်ကို အသိမပေးဘဲ log ကိုစပြီးဝင်လို့ ရတဲ့ user-interface အပြောင်းအလဲတစ်ခုကို launch လုပ်ဖို့ ဆုံးဖြတ်လိုက်ကတည်းက Messenger အက်ပလီကေးရှင်းမှာ သုံးရတာ အခက်အခဲတွေ ရှိလာပါ တယ်။အခုဆို ဒီအက်ပလီကေးရှင်းကို ဖွင့်လိုက်တာနဲ့  ကျွန်တော့်စကားပြောမယ့် စာရင်းတွေကြားထဲ ဟိုကဝင်လာ ဒီကဝင်လာနဲ့  စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။

တစ်ခုကောင်းတာကတော့ အဲသလို စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ Favourite နဲ့ Active Now sections တွေကို ယာယီအနေနဲ့ ပိတ်ထားလို့ ရပါတယ်။ အဲသလို လုပ်တဲ့နည်းကို အခုသင်ခန်းစာထဲမှာ ဖော်ပြလိုက်ပါ တယ်။

အတင်းအကြပ်လုပ်သလို ဖြစ်လာတဲ့ စိတ်အနှောင့်အယှက်ပေးမှု

update တွေထွက်လာတော့ Facbook Messenger အက်ပလီကေးရှင်းမှာလည်း ကိုယ်အနှစ်သက်ဆုံး လူစာရင်း Favourite contactsနဲ့  အခုချက်ချင်း စကားပြောလို့ ရနိုင်တဲ့ Active Now ကဏ္ဍတွေကို အပြန်အလှန်ပြောတဲ့ဆိုတဲ့ စာရင်းထဲမှာ ထည့်သွင်းဖော်ပြလိုက်ပါတယ်။ဒါက Messenger app ကို သုံးရာမှာ ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်စရာတွေနဲ့ သုံးရနှေးကွေးသွားတာမျိုးတွေကို ဖြစ်စေပါတယ်။ အကြောင်းကတော့ သင့်ရဲ့စကားပြောမှတ်တမ်းရဲ့ တစ်ခြားဟာတွေကို ကြည့်ဖို့ ဆို scroll down လုပ်ပြီး အောက်ကိုဆွဲကြည့်နေရမှာ ဖြစ်လို့ ပါပဲ။

အပြောင်းအလဲတွေ လုပ်ရာမှာ Facebook အနေနဲ့  ဒီကဏ္ဍတွေကို ဖော်ပြခဲ့တယ်လို့ ထင်ပါသလား။ တကယ်တော့ ဖေ့စ်ဘွတ်ခ်ဟာ မလိုလားအပ်တဲ့ updates နဲ့  features တွေကို ဖယ်ထုတ်ချင်တာဖြစ်ပြီး ဒီအချက်ကပဲ change log ထဲမှာ ဒီအပြောင်းအလဲတွေကို မဖော်ပြခဲ့တဲ့အကြောင်းအရင်းတစ်ခုဖြစ်မှာပါ။ ဒါပေမယ့် အဲသလို features တွေထည့်လို့ ရပြီဆိုတာနဲ့ အသစ်အသစ်သော features တွေကို အသားပေး ထည့်သွင်းသွားဖို့ ကတိပြုထားပါတယ်။

ဒီတော့ အခုလို စိတ်ရှုပ်စရာ features တွေကို ဘယ်လိုဖျောက်ထားကြမလဲ။ ဒါအမြဲတမ်းဖျောက် ထားလို့ ရတာတော့ မဟုတ်ပါဘူး။ ရက်အနည်းငယ်လောက်ပဲ ဖျောက်ထားလို့ ရတာပါ။ အများဆုံး တစ်ပတ်လောက်ပေါ့။ ပြန်ဖျောက်ချင်ရင် နောက်တစ်ခါ ထပ်လုပ်ရမှာပါ။

Favourites section ကို Hide လုပ်ထားခြင်း

ဖေ့စ်ဘွတ်ခ်ရဲ့ Messenger app မှ စကားပြောတဲ့ list view ကနေ Favourite section ကို ဖျောက်ထားဖို့ ဆိုရင် အောက်က အဆင့်တွေအတိုင်း လုပ်သွားပါ။

(၁) သင့်ရဲ့ အိုင်ဖုန်းပေါ်က Facebook Messenger အက်ပ်ကို ဖွင့်လိုက်ပါ။ Home မှာရောက်နေပါ စေ။

(၂) အထဲမှ တစ်ယောက်ယောက်ရဲ့ profile ပုံပေါ်မှာ ဖိပြီးနှိပ်ထားပါ။ ပြီးတာနဲ့ လွှတ်လိုက်ပါ။ ဒါဆိုရင် Action menu တစ်ခုပေါ်လာမှာဖြစ်ပြီး Hide All ခလုပ်ကိုနှိပ်ပါ။



(၃) နောက်တစ်ခု pop-up မှာတွေ့ ရမှာက ဖေ့စ်ဘွတ်ခ်မှ ယခုလို ပြောင်းလဲတာက ယာယီပဲထားလို့ ရမယ်ဆိုပြီးသတိပေးမှာဖြစ်ပါတယ်။ ဒီတော့ Hide ကိုပဲ ဆက်နှိပ်လိုက်ပါ။

အခုဆို ဖေ့စ်ဘွတ်ခ် Messenger app ကနေ Favourite section ကို ဖျောက်ထားလို့ ရသွားပါပြီး ။ ဒါပေမယ့် ဒါက ရက်အနည်းငယ်လောက်ပဲ ဖျောက်ထားလို့ ရမှာဖြစ်ပြီး ထပ်တလဲလဲ ဖျောက်နေရမှာပါ။

Active Now section ကို Hide လုပ်ခြင်း

Active Now section ကို Hideလုပ်ပုံက နည်းနည်းလေး ကွဲပြားပါတယ်။လုပ်ရမယ့်အဆင့်တွေက-

(၁) သင့်ရဲ့ အိုင်ဖုန်းပေါ်က Facebook Messenger အက်ပ်ကို ဖွင့်လိုက်ပါ။ Home မှာရောက်နေပါ စေ။

(၂) Active Now section ထဲက တစ်ယောက်ယောက်ဘယ်ဘက်ကို Swipe ဖွင့်ပြီး Hide All button မှာ မီးခိုးရောင်လေးနဲ့ ပေါ်လာတဲ့အထိ ထားရပါမယ်။


(၃) ယာယီသာပြောင်းလို့ ရမယ့်အကြောင်းပြောထားတဲ့ Pop-up တစ်ခုမှာပါတဲ့ Hide button ကို နှိပ်ပါ။

အခုဆို ရက်အနည်းငယ်လောက်အထိ ပိတ်ထားလို့ ရနိုင်သွားပါပြီ။ Favourite section လိုပဲ ဒီကောင်ကို လည်း နောင်မှာ ပြန်ပြီး Hide လုပ်နေရမှာပါ။ ဒါပေမယ့်လည်း အခုဆို အနှောင့်အယှက်မရှိဘဲ conversation list တစ်ခုလုံးကို မြင်လို့ ရသွားပါပြီ။

အနှစ်ချုပ်

အခုလို ဖေ့စ်ဘွတ်ရဲ့ feature အသစ်ကို မကြိုက်တာ ကျွန်တော် တစ်ယောက်တည်းလားတော မသိဘူး။ အဲဒီ Messenger app မှာ ဒီကဏ္ဍတွေကို အမြဲ disable ဖြစ်သွားစေချင်ပါတယ်။

တကယ်လို့ သင့်မှာလည်း ကွန်တော့်လိုမျိုး Messenger သုံးရာမှာ အဆင်မပြေဖြစ်နေတယ်ဆိုရင် ဒီနည်းလမ်းတွေက အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ယခု screenshot တွေပေါ်မှာ ကျွန်တော် လုပ်ပြခဲ့တာတွေကို ဂရုမစိုက်ပါနဲ့ ။ ကျွန်တော့် ဖေ့စ်ဘွတ်ခ်မိတ်ဆွေတွေရဲ့ ကိုယ်ရေးကိုယ်တာကို ကျွန်တော် လေးစားတာကြောင့်ပါ။ 

Wai Lin Aung

0 comments:

Post a Comment