ads2

Monday, July 25, 2016

Filled Under:

အားကောင်း ကောင်း မဝင်သည့် ဖုန်းတစ်လုံးကို ဘယ်လို ပြန်ပြင်မလဲ


တကယ်လို့ သင့်ဖုန်းရဲ့ ဘက်ထရီဟာ ကောင်းကောင်းအလုပ်မလုပ်တော့ဘူးဆိုရင် သင့်ဖုန်းရဲ့ အားသွင်း Charger နဲ့  ဘက်ထရီပျက်သွားပြီလို့ ချက်ချင်းမယူဆလိုက်ပါနဲ့ ဦး။  ကိုယ်တွေ့ တစ်ခုအပေါ်မူ တည်ပြီး ပြဿနာ နှင့် ဖြေရှင်းချက်ဆိုတာဟာ သင်ထင်ထားတာထက် ပိုပြီး ရိုးရှင်းပါတယ်။ သင့်ရဲ့ ဖုန်း ၊ တက်ဘလက်ဟာ အား လုံးဝ မဝင်တော့ဘူးဆိုရင် အားမဝင်တဲ့ ဖုန်းတစ်လုံးကို နည်း ၁၁ မျိုးနဲ့ ဖြေရှင်းကြည့်ရအောင်ပါ။

ဖုန်းတစ်လုံး ဘာကြောင့် အားမဝင်တော့တာလဲ။ 


ပြဿနာဆိုတာ သူ့ အတိုင်းအတာနဲ့ သူ ဖြစ်ပေါ်ပါတယ်။ သင့်ဖုန်းဟာ အားသွင်းထားတဲ့အခါ အားမဝင် တော့တာပဲ ဖြစ်ဖြစ် အလွန်နှေးကွေးစွာ အားဝင်တာပဲဖြစ်ဖြစ် ( တစ်ခါတစ်လေဆို အားမသွင်းတာထက် ပိုမြန်တယ် ဆိုရုံပါပဲ) ဖြစ်တတ်ပါတယ်။ ဒါကတော့ အလွန်အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပြီး ဒီနေရာမှာ ဖြေရှင်းချက် တစ်ချို့ ကို ပြောပြထားပါတယ်။



(၁) ကိုယ့်ဘာသာ ပြင်လို့ ရနိုင်တဲ့ USB port


အလွယ်ဆုံး အမြန်ဆုံးဖြစ်ပြီး အထိရောက်ဆုံးဖြေရှင်းချက်တစ်ခုကတော့ သင့်ဖုန်းရဲ့ တကယ့် ဟာ့ဒ်ဝဲလ် ပိုင်းကို ကိုယ့်ဘာသာ အနည်းငယ်ပြင်ပေးလိုက်တာဖြစ်ပါတယ်။ ပြဿနာကတော့ USB အပေါက်ထဲက သတ္ထုမျက်နှာပြင် နဲ့  microUSB charger က ကောင်းကောင်း ထိမနေလို့ ဖြစ်တတ် ပါတယ်။ဖြစ်တတ်တာ က ထုတ်လုပ်သူတွေရဲ့ ချို့ ယွင်းချက်ကြောင့်ဖြစ်စေ အားသွင်းကြိုးကို အဆက်မပြတ် တပ်လိုက်ဖြုတ်လိုက် လုပ်တာ ကြောင့်လည်း ဖြစ်စေ ဖြစ်နိုင်ပါတယ်။


သင်လုပ်ဖို့ လိုအပ်တာကတော့ စက်ကို shut down ချပိတ်ပြီး ဘက်ထရီကို ဖြုတ်ထားပါ။ သွားကြားထိုး တံလို အချောင်းသေးသေးလေးသုံးပြီး သင့်စမတ်ဖုန်း ၊ တက်ဘလက်ရဲ့ USB ပေါက်ထဲကမှာရှိတဲ့ ခလုတ်လေး ကို ခပ်ဆဆ မ ပေးရပါတယ်။ ဂရုတစိုက်နဲ့ ညင်ညင်သာသာလေး လုပ်ပေးပါ။ ပြီးတာနဲ့  သင့်ရဲ့ ဘက်ထရီကို ပြန် ထည့်ပြီး ပလပ်တပ် အားပြန်သွင်းလိုက်ပါ။ ဆယ်ခုမှာ ကိုးခုက အဲသလို လုပ်ပေးဖို့ လိုပါတယ်။

(၂) ချည်စ အဝတ်စ ချိုချဉ်နဲ့ ဖုန်မှုန့် တွေကို ဖယ်ရှားပါ။ 

သင့်ရဲ့ ဖုန်းကို ဂျင်းဘောင်းဘီအိတ်ထဲ ထည့်တတ်ပါသလား။ အဲသလိုဆိုရင် ချည်စတွေက လက်သည် တရားခံဖြစ်နိုင်ပါတယ်။ USB ကနေအားသွင်းရာမှာ စိတ်ချမှုမရှိရတဲ့ အကြောင်းနဲ့ ပတ်သတ်ပြီး အဖြစ်များတတ် တာက ကျွန်တော်တို့ ရဲ့ Levis ဂျင်းထည်ရဲ့အိတ်ကပ်ကနေ အဝတ်စတွေ ဝင်နေတတ်တာကြောင့်ဖြစ်ပါတယ်။

ကိုယ့်လက်ကိုင်အိတ်ထဲက ချိုချဉ်ထုပ်ပွင့်ပြီး ဖုန်းအားသွင်းပေါက်ကို ချောကလက်တွေနဲ့ ပိတ်ဆို့ နေ တာမျိုး လည်း ကျွန်တော်တို့ တွေ့ နေကျပါ။



လေမှုတ်စက်နဲ့ အဲဒီအမှိုက်တွေကို မှုတ်ထုတ်လိုက်ရင် ကိုယ့်ရဲ့ USB ပေါက်က ပုံမှန် အတိုင်း ပြန်ဖြစ်သွားမှာပါ။


(၃) Switch ကေဘယ်ကြိုးများ 

အားသွင်းတဲ့ charger တစ်ခုရဲ့ အားအနည်းဆုံးအပိုင်းက socket ပေါက်ထဲ ပလပ်တပ်ထားတဲ့ adapter မဟုတ်ဘဲ အားသွင်းကြိုးသာ ဖြစ်ပါတယ်။ အက်ပ်ပဲလ်သုံးစွဲသူတွေဟာ ဒီနေရာမှာ သိပ်အကြမ်းမခံတတ်ပါဘူး။ အကြောင်းကတော့ အက်ပ်ပဲလ်ရဲ့ပိုင်ဆိုင်မှုတစ်ရပ်ဖြစ်ပြီး ဈေးကြီးလှတဲ့ အလင်းထွက်အားသွင်း ကေဘယ်ကြိုး တွေဟာ ၁၅ မိနစ်ဝန်းကျင်လောက်ပဲ သက်တမ်းခံတာဖြစ်လို့ ပါ။ ဒါပေမယ့်လည်း ကေဘယ်ကြိုးအားလုံးရဲ့ ဘဝ ဟာ ခက်ခဲပြီး ကြိုးတွေဟာ ခေါက်သွားလိုက် လိမ်သွားလိုက်နဲ့ သံသရာလည်နေတော့တာပါပဲ။ကိုယ့်ဖုန်းနဲ့  လိုက်ဖက်တဲ့ ကေဘယ်မသုံးဘဲ တွေ့ ကရာ USB ကေဘယ်လ်ကြိုးတွေနဲ့  အလွယ်အစားထိုးသုံးတာကလည်း အားသွင်းရာမှာ အဆင်မပြေတဲ့ အကြောင်းပါပဲ။



ချို့ ယွင်းချက်ရှိတဲ့ ကေဘယ်လ်တစ်ခုကို အပြစ်တွေ ရှာစစ်ဖို့ အလွယ်ကူဆုံးနည်းကတော့ တခြား မတူ တဲ့ ကေဘယ်လ်ကြိုးတစ်ချောင်းနဲ့ စမ်းကြည့်ပြီး ကိုယ့်ဖုန်းနဲ့  ကိုက်မကိုက် ကြည့်ဖို့ ပါ။ တကယ်လို့ ကိုယ့်ဖုန်းနဲ့  အဲဒီကေဘယ်လ် ကောင်းကောင်း အလုပ်ဖြစ်တယ်ဆိုရင် မူလကေဘယ်လ်ကြိုးမှာ အပြစ်အနာအဆာ ရှိတယ် လို့  သိရပါမယ်။ အဲသလိုမှ မဟုတ်ရင် အဲဒီမှာ တစ်ခြား ပြဿနာပေးနေတဲ့ အရာတစ်ခုခု ရှိနေလို့ ပါပဲ။

(၄) adapter အမျိုးအစားကို အသေအချာစစ်ဆေးပါ။ 

တကယ်လို့ ကေဘယ်လ်ကြိုးမှာ ပြဿနာ ဖြစ်မယ် မထင်ရဘူးဆိုရင် adapter ခုံကို စစ်ကြည့်ပါ။ အထူးသဖြင့် အားသွင်းကြိုး ဖြုတ်လို့ ရတဲ့ ခေါင်းနေရာကို စစ်ပါ။ အားသွင်းတဲ့ charger တွေအမြောက်အများထဲ မှာ ပြဿနာတွေကို တွေ့ ရပါတယ်။ အဲဒီမှာရှိတဲ့ USB ပေါက်ဟာ ကြိုးကို တပ်လိုက် ဖြုတ်လိုက် လုပ်ပါများလာ ရာကနေ အပေါက်ချောင်သွားတာမျိုး ဖြစ်သွားတတ်ပါတယ်။



နောက်တစ်ခုစစ်ဆေးရမှာက charger နဲ့ cable နှစ်ခု ပေါင်းစပ်နေတဲ့ နေရာဟာ ဖုန်းအမျိုးမျိုးပေါ် အလုပ်ဖြစ်မဖြစ် စစ်ကြည့်ပါ။အကြောင်းကတော့ ဒါက သင့်ဖုန်းရဲ့ ကေဘယ်လ်နဲ့ အားသွင်းပေါက်မှာထက် အပြစ်အနာဖြစ်နေတဲ့ ဖြစ်နိုင်ခြေကို ရှာဖွေရှင်းထုတ်ရတာမှာ ပိုပြီး အထောက်အကူ ဖြစ်စေပါတယ်။သင့်ရဲ့ အားသွင်းပေါက်မှာ ပြဿနာ မရှိအောင် လုပ်ထားဖို့ တော့လိုပါတယ်။

(၅) ဘေးကင်းဖို့ သာ ပထမဆိုတာ သတိရပါ။ 

 
သင့်ဖုန်းကို ရေရှိတဲ့အနီးအနားနဲ့  အလွန်အပူရှိန်မြင့်နေတဲ့ အနေအထားမျိုးမှာ အားမသွင်းပါနဲ့ ။ တကယ်လို့ သင်ဟာ အားသွင်းကြိုးနဲ့ charger တစ်ခုကို အစားထိုးသုံးထားရင် သတိထားဖို့ လိုပါတယ်။ အင်တာနက် မှာ တက်လာတဲ့  သတင်းတွေအရ ဈေးပေါပေါ charger တစ်ခုကို အစားထိုးသုံးမိလို့  ညသန်းခေါင် ကြီး မှာ စမတ်ဖုန်းတွေ ထပြီး ပေါက်ကွဲကုန်တယ်ဆိုတာတွေ လည်းတွေ့ ရပါတယ်။ ဒါက လျှပ်စစ်ပစ္စည်းဖြစ်လို့  ကိုယ်ဝယ်တဲ့ ပစ္စည်းဟာ သင့်လျော်ရာ ဘေးအန္ဘရာကင်းတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီဖို့ လိုပါတယ်။

(၆) ဘက်ထရီ အစားထိုးလဲပါ။ 


ဘက်ထရီတွေဟာ သက်တမ်းအကြာကြီးမခံတတ်ပါဘူး။ နှစ်အတန်ကြာပြီဆိုတာနဲ့ အားသွင်းရခက် လာတတ်ပါတယ်။ အားသွင်းလိုက် ဖြုတ်လိုက် လုပ်တာ ကြာတာနဲ့ အမျှ ဘက်ထရီတွေကို အစားထိုးလဲလှယ်ဖို့  သိပ်မကြာတော့ပါဘူး။သင့်ဘက်ထရီက ခြောက်လလောက်နဲ့ လစ်သွားရင် အပြစ်အနာရှိလို့ ဖြစ်နိုင်ပြီး အခမဲ့ အစားလဲလှယ်မှုရဖို့  warranty အာမခံလုပ်ထားသင့်ပါတယ်။ ဒါပေမယ့် ဘက်ထရီဟာနှစ်နှစ်ထက် သက်တမ်း ပိုကြာလာပြီဆိုရင် အဲဒီဘက်ထရီ သက်တမ်းကုန်တော့မှာပါ။
တစ်ချို့ ချို့ ယွင်းချက်ရှိတဲ့ ဘက်ထရီတွေဟာ အပြစ်ရှာဖို့ လွယ်ပါတယ်။ အကြောင်းက အဲဒီမှာ အရည် တွေ စိမ့်ထွက်လာတာမျိုး နဲ့  ဘက်ထရီဖောင်းလာတာမျိုးဖြစ်လာတာတွေ့ ရလို့ ပါ။ ဒါမျိုးကလည်း အပြင်ကနေ ကြည့်လို့ မသိ သာဘူးဆိုတော့ ဖုန်းကာဗာဖြုတ်ပြီး ဘက်ထရီကို စစ်ပါ။( တတ်နိုင်ရင် တစ်ချို့ ဖုန်းတွေမှာ ဘက်ထရီ အကန့် လေးတွေကို ဖုံးအုပ်ထားပါတယ်။)



ကာဗာကို မခွာဘူးဆိုရင်ဖုန်းကို ပက်လက်လှန်ပြီး လှည့်ကြည့်ပါ။ပူပြီး စူထွက်နေတဲ့ ဘက်ထရီက ပုံစံ ပျက်နေပါတယ်။ အဲဒီဖောင်းနေတာကို ကြည့်လို့ မတွေ့ ရပါဘူး။ဒါပေမယ့် ဖုန်းကို လှည့် လှည့်ကြည့်ရင်ကိုပဲ ရပါပြီ။ တကယ်လို့  သင့်ရဲ့ ဘက်ထရီဟာအရည်စိမ့် နေပြီး ဖောင်းကားနေတယ်လို့ သံသယရှိရင် သင့်ဖုန်းကို ဖုန်းပြင်ဆိုင်ပို့ ပြီး တစ်ခြားစိတ်ချရတဲ့ အစားထိုးဘက်ထရီတစ်ခုကို ဝယ်လိုက်ပါ။

(၈) မှန်ကန်တဲ့ source ကနေ အားသွင်းပါ။ 


ဖုန်းအားသွင်းတဲ့ socket တစ်ခုကနေ အားသွင်းခြင်းဟာ PC ကွန်ပျူတာ တို့ လက်ပ်တော့ တို့ ကနေ အားသွင်းတာထက် ပို ပြီး မြန်ပါတယ်။အကြောင်းက ကွန်ပျူတာရဲ့ USB ပေါက်တွေကနေ ပါဝါသိပ်များများ စားစား မပို့ နိုင်လို့ ကြောင့်ပါ။ socket အုံတစ်ခုဟာ USB ပေါက်ထပ် ပါဝါကို နှစ်ဆ ဖြန့် ဖြူးနိုင်ပါတယ်။ charger ကနေ ပါဝါပို့ နိုင်တာကလည်း ငါးဆထိ ရှိလာပါတယ်။ ဆိုလိုတာက အားသွင်းရာမှာလည်း အရမ်းကို မြန်လာ ပါတယ်။ဒီတော့ သင့်ဖုန်းကို အားသွင်းရာမှာ နှေးကွေးလာပြီး ဖုန်းကို လက်ပ်တော့နဲ့ ချိတ်ဆက်ထားတာ ဆိုရင် ပြဿနာက အဲ့ဒါပါပဲ။



သင့်ရဲ့အားသွင်းတဲ့ charger အုံဟာ ပါဝါကောင်းကောင်း ဖြန့် ဖြုးတဲ့ပုံမပေါ်ဘူးဆိုရင် ဒီcharger နဲ့  သင့်ရဲ့ဖုန်းကိုက်ညီမှုရှိမရှိ စစ်ဆေးပါ။တစ်ခြားဖုန်းမှာသုံးတဲ့ charger ကလည်း သင့်တော်တဲ့ ပါဝါပမာဏကို ထုတ်ပေးနိုင်မှာ မဟုတ်ပါဘူး။ဥပမာ ဆိုပါတော့ ဘလူးတုနားကြပ်အတွက် အားသွင်းတဲ့ charger တစ်ခုဟာ စမတ်ဖုန်းတွေအတွက် သီးသန့် ဒီဇိုင်းဆွဲထားတဲ့ အားသွင်း charger တွေလောက် ပါဝါပမာဏများများစားစား ကို မထုတ်ပေးနိုင်ပါဘူး။ မကြာသေးမီက ထွက်လာတဲ့ အဆင့်မြင့်ဖုန်းတွေမှာဆို ဘက်ထရီကို အမြန်အားသွင်း နိုင်ဖို့ ထောက်ပံ့ပေးထားတဲ့ ဖုန်းတစ်လုံး သင့်မှာ ရှိပေမယ့် ပါဝါကို ဖြန့် ဖြူးပေးတဲ့ charger မရှိပါဘူး။ ဒီတော့ အသေးစိတ် ဖတ်ရှုစစ်ဆေးဖို့ ပါပဲ။

(၈) ဆော့ဖ်ဝဲလ်ကို အဆင့်မြင့်ခြင်း (သို့ ) အရင် ဗားရှင်းထဲကအတိုင်း ပြန်သုံးခြင်း လုပ်ပါ 

ဆော့ဖ်ဝဲကို update လုပ်ခြင်းနဲ့  အန်းဒရိုက်ဗားရှင်းအသစ်တွေဟာ သင့်ဖုန်းရဲ့ ဘက်ထရီသက်တမ်းကို အကြီးအကျယ် ကမောက်ကမ ဖြစ်သွားစေနိုင်ပါတယ်။ အထူးသဖြင့် ဖုန်းအဟောင်းတစ်ခုထဲကို လက်ရှိ ဆော့ဖ်ဝဲလ်တစ်ခုကို ထပ်ပြီး အဆင့်မြှင့် upgrade လုပ်လိုက်တဲ့အခါမျိုးမှာဆို အဖြစ်များတတ်ပါတယ်။ နှစ်နှစ်လောက်သက်တမ်းရှိတဲ့ ဖုန်းတစ်လုံးဟာ ဆော့ဖ်ဝဲကို update လုပ်ဖို့ အခက်အခဲတွေ ရှိနေတတ်ချိန်မှာ ဖုန်းအသစ်တွေကတော့ နောက်ဆုံးရ ဆော့ဖ်ဝဲလ်တွေ နဲ့ အကောင်းဆုံးအနေအထားကို ရယူသုံးစွဲနိုင်ပါတယ်။

အခုပြောသလို ဖြစ်လာပြီး ဒီပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုရင် အရင်က အန်းဒရိုက်ဗားရှင်းကနေ ပြန် သွားပြီး ပြန်သုံးကြည့်ဖို့ စဉ်းစားကြည့်ပါ။ ဒါပေမယ့် security ပိုင်းတော့ အန္တရာယ်ရှိနိုင်တာကိုလည်း သတိပြုပါ။ နောက်ဆုံးထွက် ဆော့ဖ်ဝဲလ်ဗားရှင်းဟာ သင့်ဖုန်းကို လုံခြုံစေဖို့ အမြဲတမ်း ထောက်ခံချက်ပေးထားကြတာပါ။ အရင်က ဗားရှင်းဟောင်းကို ကိုယ့် စမတ်ဖုန်ပေါ်ပြန်တင်တာကနေ ဖြစ်နိုင်တဲ့ ပြဿနာကလည်း လျစ်လျှူရှုထား လို့ ရတာ ဖြစ်လို့  မှတ်သားသင့်ပါတယ်။



အလားတူပဲ တစ်ခါတစ်ရံမှာ ဖုန်းရဲ့ ဘက်ထရီသက်တမ်းဟာ update လုပ်လိုက်လို့ သိသိတာတာ တိုးတက် သွားနိုင်ပါတယ်။ ဒီတော့ သင့်အန်းဒရိုက်ဗားရှင်းပေါ်ကနေ သွားဖို့ စဉ်းစားထားတယ်ဆိုရင် Setting ကနေ About phone အတိုင်းသွားပြီး update လုပ်ဖို့  စစ်ဆေးသင့်ကြောင်းပါ။

(၉) ဖုန်းပိတ်ထားပါ။ 


ဖုန်းအားသွင်းနေတုန်း ဘက်ထရီစားစေတဲ့ apps/features တွေကို သုံးခြင်းဟာလည်း သင့်ဖုန်းရဲ့ သက်တမ်းကို အလျင်အမြန် တိုတောင်းသွားစေတတ်ပါတယ်။ တကယ်လို့  တစ်ယောက်ယောက်နဲ့  skype ကို တောက်ပနှုန်း brightness ရာနှုန်းပြည့်တင်ပြီး ပြောနေစဉ် အားသွင်းထားမယ်ဆိုရင် ဖုန်းမှာ တစ်ခြား wi-fi နဲ့  4G ပိတ်ထားစဉ် အားသွင်းရတာထက် ပိုပြီး ကြာတတ်ပါတယ်။

တကယ်လို့  သင့်ဖုန်းမှာ အမြန်ဆုံး အားဝင်တာကို တွေ့ ချင်တယ်ဆိုရင် အားသွင်းနေတဲ့အခါမှာ ဖုန်းကို airplane mode ပေးပြီးလုံးဝ ပိတ်ထားလိုက်ပါ။ သင့်ဖုန်းဟာ ပါဝါအပြည့်အဝရဖို့  အိပ်စက်အနားပေးထားတယ် လို့ တွေးလိုက်ပါ။

(၁၀) သင့်ဘက်ထရီစွမ်းရည်ကို အတိအကျရအောင်လုပ်ပါ။ 


တစ်ခါတစ်ရံမှာ သင့်ဖုန်းမှာ ရှိတယ်လို့ ထင်ထားတဲ့ ဘက်ထရီလယ်ဗယ်ဟာ မှားယွင်းနေတတ်ပါတယ်။ ဒါရဲ့ သက်ရောက်မှုကတော့ သင့်ဖုန်းဟာ မလိုအပ်ခင်အထိ ဘက်ထရီအဆင့်ကို ကန့် သတ်ထားမှာဖြစ်ပြီး ဘက်ထရီရဲ့ နောက်ဆုံးကျန်တဲ့ ၂ ရာခိုင်အထိ သုံးလို့ ရအောင် တစ်နာရီစာချန်ထားခြင်းတွေအပါအဝင် လုပ်ဆောင်ချက်တွေက ကွဲလွဲပါတယ်။



စမတ်ဖုန်းဘက်ထရီကို ဘတ်ထရီစွမ်းရည်အပြည့်အဝရအောင်လုပ်နည်းနဲ့ ပတ်သတ်တဲ့ လမ်းညွှန် တစ်ခုကို ကျွန်တော်တို့ ရေးခဲ့ဖူးပါတယ်။ ဒီတော့ ဒီနေရာမှာ ပြန်ပြီး ရေးမပြတော့ပါဘူး။ သို့ သော် သင့်ရဲ့ ဖုန်းရဲ့ ပါဝါချို့ ယွင်းချက်ကို အပြည့်အဝမရှင်းထုတ်ရသေးခင် သိထားရမှာ တစ်ခုရှိပါတယ်။

(၁၁) သင့်ဘက်ထရီရဲ့ ဗို့ အားနဲ့ အမ်ပီယာကို စစ်ကြည့်ပါ။ 


ဒီအချက်နဲ့ ပတ်သတ်ပြီး Patrick ရဲ့ မှတ်ချက်မှာ ပြန်လည်ဖော်ပြထားပါတယ်။ ဒီအချက်က သင့်ကို ချို့ ယွင်းချက်ရှိနေတဲ့ ကေဘယ်လ် သတ်မှတ်ရာမှာ အမြန်ဆုံးသတ်မှတ်နိုင်အောင် ကူညီပေးပါတယ်။ Android ဖုန်းတွေအတွက်အောက်မှာ ဖော်ပြထားတဲ့ လင့်မှ Amperage app ကို Google Play ကနေ အခမဲ့ဒေါင်းလုပ်ရယူလိုက်ပြီး ဖွင့်လိုက်ပါ။

Download Ampere for Android

အခုဆို သင့်ရဲ့ charger နဲ့ ချိတ်ဆက်ပါတယ်။ interface က အစီမ်းရောင်ပြောင်းသွားပြီး ထိပ်နားက စာသားက တော့ “measuring ” လုပ်နေတယ်လို့  ပြောပါလိမ့်မယ်။ တကယ်လို့ ဒါကိုမတွေ့ ရဘူးဆိုရင် ဒါမှမဟုတ် ဘာမှ ဖြစ်မလာဘူးဆိုရင် သင့်ဖုန်းကို လျှပ်စီး မဝင်နေဘူးလို့ ဆိုလိုပါတယ်။



တကယ်လို့ လျှပ်စီးတစ်ခု တွေ့ ရတယ်ဆိုရင် ဒီအက်ပလီကေးရှင်းဟာ အဲဒီ charger အတွက် အနိမ့်ဆုံး နဲ့ အမြင့်ဆုံးလျှပ်စစ်သုံးစွဲမှုလယ်ဗယ်(milliamp နဲ့ တိုင်းတာသည်) ၊ ဗို့ အားနဲ့ အမြင့်ဆုံးလျှပ်စစ်စီးဆင်းမှု အပါအဝင် အားသွင်းတဲ့ စာရင်းဇယားနဲ့ ပြပေးပါလိမ့်မယ်။ ဒီနည်းနဲ့ သင့်ရဲ့ ဘယ်charger က အကောင်းဆုံး စွမ်းရည်ရှိတယ် မရှိဘူးကို ဖော်ထုတ်နိုင်ပါတယ်။

သင်ပိုင်တဲ့ portable ဘက်ထရီလေးတွေ အပါအဝင်ချိတ် charger အမျိုးမျိုးနဲ့ ချိတ်ဆက်ပြီး ဘယ် charger က အမြင့်ဆုံး အားသွင်းတဲ့ တန်ဖိုး (သို့ )အမြင့်ဆုံးပျမ်းမျှအနေအထား(ဒီအက်ပ်ကလေးက အဲဒီအတွက် သင့်တော်လွယ်ကူပါတယ်။) ကို ကြည့်လို့ ရနိုင်ပါတယ်။ ဒါက အတိအကျတိုင်းတာချက်တစ်ခုတော့ မဟုတ်ပါဘူး။ဒါပေမယ့် ညွှန်ပဲညွှန်ပြနိုင်ပြီး ဒီ အက်ပ်ဟာ လုံးဝ အခမဲ့ပါပဲ။

သင့်စမတ်ဖုန်းဟာ အားကောင်းကောင်းသွင်းလို့ မရ ဖြစ်နေပါသလား။သင့်အနေနဲ့  ဒါနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ ဖော်ပြမထားတဲ့ ဖြေရှင်းနည်းကို တွေ့ ထားတယ်ဆိုပါကသင်သိထားတဲ့နည်းလမ်းများကိုလည်းအကြံပြုပေးပါဦး။ Wai Linn Aung

0 comments:

Post a Comment